ပထမဆုံး သည်နေရာ ကိုသွားလုပ်ရပါ့မယ်.. ပုံလေးတွေ အတိုင်းကြည့်လုပ်လိုက်ပါ...
Wednesday, February 6, 2013
ဘလော့မှာ You Might Also Like ပုံလေးတွေ ထည့်နည်း
ပထမဆုံး သည်နေရာ ကိုသွားလုပ်ရပါ့မယ်.. ပုံလေးတွေ အတိုင်းကြည့်လုပ်လိုက်ပါ...
Wednesday, December 12, 2012
Blog မှာ Mouse Cursor အလန်းလေးတွေထားကြည့်ရအောင်
မိမိရဲ့ Blog မှာ ရိုးရိုး Mouse Cursor ထားမယ့်အစားအခြား Cursor ပုံလေးတွေနဲ့အစား
ထိုးထားကြည့်ချင်သူများအတွက် Cursor အလန်းလေးတွေရဲ့ HTML Code တွေကို မျှဝေပေးလိုက်ပါတယ်
ဗျာ။ အောက်မှာ လိုချင်တဲ့ ပုံနဲ့ ၄င်းရဲ့ Cursor HTML Code လေးတွေကို အလွယ်တကူရွေးချယ်အသုံးပြု
နိုင်အောင်ဖော်ပြပေးလိုက်ပါတယ်ဗျာ။ ဒါမျိုးလေးကို ဘယ်သူမှမတင်ပေးရသေးဘူးလားမသိဘူး။ အောက်
မှာ Cursor ပေါင်း 60 ကျော်ပေးထားတယ်နော်။
အဆင့် - 1 Design > HTML > Expand Widget Templates ကိုအမှန်ခြစ်ပေးပါ။
အဆင့် - 2 Ctrl + F ကိုနှိပ်ပြီး </head> ကိုရှာပါ။
အဆင့် - 3 တွေ့ပြီဆိုရင် အောက်က လိုချင်တဲ့ Cursor ရဲ့ Code ကိုကူးပြီး </head> ရဲ့ အပေါ်မှာ
ထည့်ပေးပါ။
အဆင့် - 4 ပြီးသွားပြီဆိုရင် Preview နဲ့အရင်ကြည့်ပါ။ အဆင်ပြေပြီဆိုမှ Save နှိပ်ပေးပါ။
ဆော့(ဖ်)ဝဲများ Update Box မတတ်အောင်လုပ်နည်း
ကိုအာကာ မေးထားတဲ့ အကြောင်းအရာလေးတစ်ခုပါ။ ကျွန်တော်တို့ Windowစဖွင့်ဖွင့်ချင်း
မှာ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လေးတွေဟာ မကြာခဏ ဆိုသလို တတ်လာတတ်ကြပါတယ်။
အဲဒီ Box ကို မိမိကိုယ်တိုင်က အမှု့မဲ့ အမှတ်မဲ့သော်၎င်း ၊ မိမိမရှိတဲ့အချိန် အခြားသူတစ်ယောက်
က မသိ၍သော်၎င်း Yes (or) Ok နှိပ်မိလိုက်ရင် ဖရီးဗာရှင်းတွေမှာ ပြဿနာမရှိပေမဲ့ လိုင်စင်ဗား
ရှင်း ဆော့(ဖ်)ဝဲတွေမှာကြတော့ အရင်ထည့်ထားတဲ့ Key ပြုတ်သွားပြီး နောက်ထပ် License Key
၊ Serial Key တွေထပ်တောင်းရော။ အရင်ထည့်ပေးဖူးတဲ့ Key ကလဲ ဗားရှင်း မတူတဲ့အတွက်သုံး
လို့မရ ၊ လိုအပ်တဲ့ Key ကိုလဲ ဘယ်နေမှာသွားရှာရမှန်းမသိနဲ့ တော်တော်စိတ်ရှုပ်ဖို့ကောင်းပါတယ်။
အဲဒီလိုမဖြစ်ရလေအောင် ကျွန်တော်တို့ ကြိုတင်ကာကွယ်ခြင်းခေါ်မလား ၊ အပျင်းထူခြင်းခေါ်မလား
မသိဘူး။ ကျွန်တော်တို့စက်ထဲမှာရှိတဲ့ ဆော့(ဖ်)ဝဲတွေရဲ့ Update Box လုံးဝ တတ်မလာအောင်
ပိတ်ထားလိုက်မယ်ဗျာ။ ကဲ...စလိုက်ရအောင် start မှ run (သို့) window key+Rတွဲနှိပ်လိုက်ပါ။
run box ထဲမှာ msconfig လို့ရေးပြီး ok (သို့) Enter ခေါက်လိုက်ပါ။ ပြီးရင် အောက်ကပုံမှာ ပြထား
တဲ့အတိုင်း တဆင့်ချင်းလိုက်လုပ်လိုက်ပါ။
အင်တာနက်ဆိုတာကို အခုမှစတင်ထိတွေ့သူတွေအတွက် Captureဖမ်းပြီးရှင်းပြပေးခြင်းဖြစ်ပါ
သည်။ ပုံသေချာမမြင်ရရင် ပုံပေါ်ကိုကလစ်ပြီး အကြီးနဲ့ကြည့်လိုက်ပါ။ အားလုံးပဲ ပျော်ရွင်ကြပါ
စေ.....ဗျာ။
ကွန်ပြူတာ Speed မြှင့်ရအောင်
ကျွန်တော်တို့ အသုံးပြုနေတဲ့ကွန်ပြူတာကို နဲနဲဖြစ်ဖြစ် ပိုမြန်သွားအောင် Speedမြှင့်ကြည့်ရ
အောင်ဗျာ။ ဒီအတိုင်း ထိုင်နေမဲ့အစား မိမိစက်လေး အနည်းငယ် ပိုမြန်လာတယ်ဆိုရင်ပဲ အရှုံးမရှိနိုင်
ပါဘူး။ သိပြီးသားသူတွေကတော့ ဒီပို့စ်ကို ကျော်သွားလိုက်ပါ။ စလိုက်ရအောင်......
Start မှ Run (သို့) Winkey+R ကိုနှိပ်ပါ။ prefetch လို့ရိုက်ထည့်ပြီး ok (သို့) Enterခေါက်လိုက်ပါ။
Folder ထဲက တွေသမျှ File အားလုံးကို ဖျတ်လိုက်(delete) ပါ။ ပြီးရင် Run boxပြန်ခေါ်ပြီး Regedit
ရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ Registry Editor box ထဲကဘယ်ဖက်ခြမ်းမှာHKEY_CURRENT
USER > Control Panel > Desktop ကိုကလစ်လိုက်ပါ။ ညာဖက်အခြမ်းမှာMenuShowDelay ကို
Double Click (မပါတဲ့ မောက်ဆိုရင် Right click > Modify)လိုက်ပါ။ ပေးလာတဲ့ boxထဲကတန်ဖိုး400
ကို 0 ပြောင်းပေးပြီးပိတ်လိုက်ပါ။ အတိုင်းအတာတစ်ခုထိ မြန်လာပါလိမ်မယ်။ အားလုံးပဲ ပျော်ရွင်ကြ
ပါစေ.....ဗျာ။
Blog Menu လေးတွေကို Button လေးတွေနဲ့လုပ်၇အောင်
ကျွန်တော်ဒီနေ့တော့ Blog Menu လေးတွေကို Button လေးတွေနဲ့အလွယ်လေးလုပ်လို့၇မဲ့နည်းလမ်းလေကို
ပြောပြပေးပါမယ်..။လုပ်ကတာအ၇မ်းလွယ်ပါတယ်..။Edit Html ထဲမှာလိုတာလေးလိုက်ပြင်ပြီး Add a Gadget
ထဲမှာထည့်ပေးလိုက်ယုံပါပဲဘာမှလဲမခက်ပါဘူး..။ပြီး၇င် Button လေးတွေနဲ့ဆိုတော့သပ်သပ်၇ပ်၇ပ်လေးနဲ့
ကြည့်လဲကောင်းပါတယ်..။ကျွန်တော်ဘယ်လိုလုပ်၇မလဲဆိုတာကိုပြောပြပေးသွားပါမယ်..။
1.အ၇င်ဆုံး Design Tab >> Edit HTML ဆိုပြီးသွားလိုက်ပါ.။Edit HTML ကိုေ၇ာက်ပြီဆို၇င်အ၇င်ဆုံးဘာ
မှမလုပ်ပါနဲ့အောင် Download Full Template ကိုနှိပ်ပြီးမိမိ၇ဲ့ Template လေးကို Backup လုပ်ထား
လိုက်ပါ..။
တန်ဘိုးနည်း နှလုံးသား
စိတ်တွေ လေးနေ တယ် ....
ရင်မှာလည်း တွေး နေတယ်....
မကြာခင် ထွက်ခွာတော့ မည့်
ရထားပေါ်ကသူ ကို ရီမောပြီးနှုတ်ဆက်နေရသလိုပါဘဲ.....
လိုချင်စိတ် နဲ့
ရှာဖွေခဲံ့တဲ့ကျောက်ရီုင်းတစ်ပွင့် ဟါ
တန်ဘိုးကြီးတဲ စိန်တစ်ပွင့်မှန်းသိလိုက်ရသလိုပါဘဲ ......
အဆင့်အတန်း နဲ့ တန်ဘိုး ...
ထပ်တူအချိုး ကျတဲ့ သီအိုရီ
ပိန်လှီ မွဲခြောက် နေတဲ့တို့လက်ချောင်းမှာ
ဒီစိန်တုံး ကိုဘယ်လိုဆင်မြန်းဝံ့ မှာလည်း နော်.......
သရဖူ တစ်ခု အတွက်သတ်မှတ်ပေးလိုက်ပါတယ်......
ဒါပေမဲ့ ..အားမငယ် ပါ ဘူး
တို့ ထိ တွေ့ခဲ့ တဲ့ ဒီစိန်ပွင့် ကို
နေ့တိုင်း ညတိုင်း
အိပ်မက် မက်ခွင့် ရနေမှာ ပါနော် ......
အိပ်မက်ခွင့် ဆိုတာ ခွင့်ပြုချက် မလိုပါဘူး နော် ...
အိပ်မက်ထဲကတော့
ထွက်မသွား ပါ နဲ့ ချစ်သူ.ရ ယ် ..နော်..
တစ်နေ့နေ့ဆိုဝေးရမှာ
စိတ်တွေ လေးနေ တယ် ....
ရင်မှာလည်း တွေး နေတယ်....
တတိုင်းမွှေး။ ။11-3-2012
အမေရိကန် ဖုန်းတစ်လုံး အခမဲ့ယူနည်း (အ၀င်သီးသန့်)
စာဖတ်သူမှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ စာဖတ်သူ အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။
ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။
ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။
Subscribe to:
Posts (Atom)