စိတ်တွေ လေးနေ တယ် ....
ရင်မှာလည်း တွေး နေတယ်....
မကြာခင် ထွက်ခွာတော့ မည့်
ရထားပေါ်ကသူ ကို ရီမောပြီးနှုတ်ဆက်နေရသလိုပါဘဲ.....
လိုချင်စိတ် နဲ့
ရှာဖွေခဲံ့တဲ့ကျောက်ရီုင်းတစ်ပွင့် ဟါ
တန်ဘိုးကြီးတဲ စိန်တစ်ပွင့်မှန်းသိလိုက်ရသလိုပါဘဲ ......
အဆင့်အတန်း နဲ့ တန်ဘိုး ...
ထပ်တူအချိုး ကျတဲ့ သီအိုရီ
ပိန်လှီ မွဲခြောက် နေတဲ့တို့လက်ချောင်းမှာ
ဒီစိန်တုံး ကိုဘယ်လိုဆင်မြန်းဝံ့ မှာလည်း နော်.......
သရဖူ တစ်ခု အတွက်သတ်မှတ်ပေးလိုက်ပါတယ်......
ဒါပေမဲ့ ..အားမငယ် ပါ ဘူး
တို့ ထိ တွေ့ခဲ့ တဲ့ ဒီစိန်ပွင့် ကို
နေ့တိုင်း ညတိုင်း
အိပ်မက် မက်ခွင့် ရနေမှာ ပါနော် ......
အိပ်မက်ခွင့် ဆိုတာ ခွင့်ပြုချက် မလိုပါဘူး နော် ...
အိပ်မက်ထဲကတော့
ထွက်မသွား ပါ နဲ့ ချစ်သူ.ရ ယ် ..နော်..
တစ်နေ့နေ့ဆိုဝေးရမှာ
စိတ်တွေ လေးနေ တယ် ....
ရင်မှာလည်း တွေး နေတယ်....
တတိုင်းမွှေး။ ။11-3-2012










No comments:
Post a Comment